TransferPSG နဲ့ ပွဲစဉ်မှာ Manchester United အတွက် ပွဲဦးထွက် ခြေစွမ်းပြ လိုက်တဲ့ Youri Tielemans
Manchester United ရဲ့ ပေါင် ၃၅ သန်းတန် ကစားသမားသစ် Youri Tielemans ဟာ Paris St-Germain နဲ့ ကစားခဲ့တဲ့ ပွဲဦးထွက်မှာတင် အားလုံး သဘောကျလောက်မယ့် ခြေစွမ်းမျိုး ပြသသွားခဲ့ပါပြီ။ Gothenburg မှာ ကစားခဲ့တဲ့ အဲဒီ ခြေစမ်းပွဲ ဟာ ၁-၁ ဂိုးနဲ့ သရေကျခဲ့ပေမဲ့ Youri Tielemans ဝင်ကစားခဲ့တဲ့ ၂၆ မိနစ်တာ အချိန်တိုလေးအတွင်းမှာတင် ပရိသတ်များ နဲ့ ကလပ် တာဝန်ရှိသူတွေကို ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ လူစားဝင်လာခဲ့တဲ့ Youri Tielemans ဟာ Bruno Fernandes နဲ့ အချိတ်အဆက်မိမိ ကစားနိုင်ခဲ့ပြီး ကွင်းလယ်ပိုင်းအတွက် အားကိုးရမယ့်…
