TransferAtletico Madrid သို့ ပြောင်းရွှေ့ပြီးနောက် Tottenham ကလပ်မှထွက်ခွာသွား ခဲ့ရမှုအပေါ် Cristian Romero ဖွင့်ဟ
Cristian Romero ဟာ Tottenham Hotspur နဲ့ ဖြတ်သန်းခဲ့တဲ့ ငါးနှစ်တာခရီးလမ်းကို အဆုံးသတ်ပြီး Atletico Madrid ဆီကို တရားဝင် ပြောင်းရွှေ့သွားခဲ့ပါပြီ။ ဒီအပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၄.၂ သန်း သတ်မှတ်ခဲ့ကြပြီး ဒီ Argentine ဗဟိုခံစစ်မှူးဟာ La Liga မြေဆီ ခြေဆန့်ပြီး ငါးနှစ်သက်တမ်းရှိတဲ့ စာချုပ် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ Spurs နဲ့ ဖြတ်သန်းခဲ့တဲ့ အချိန်တွေကို ပြန်ပြောင်းပြောပြရာမှာတော့ Cristian Romero က သူဟာ "ပြီးပြည့်စုံတဲ့သူတစ်ယောက် မဟုတ်ခဲ့ပါဘူး" လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံသွားခဲ့ပါတယ်။…



