TransferManchester City ကို အနိုင်ယူပြီးနောက် လာမယ့်ရာသီမှာ Arsenal ကို ဘယ်လောက်ထိမျှော်လင့်နိုင်မလဲ
Arsenal အသင်းဟာ လေးနှစ်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် Community Shield ဖလားကို သိမ်းပိုက်နိုင်ခဲ့ပြီး ရာသီအစမှာတင် Manchester City ကို အနိုင်ယူကာ အားလုံးကို တုန်လှုပ်စေမယ့် အစပျိုးမှုကို ပြုလုပ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီနိုင်ပွဲဟာ Arsenal အတွက် ဆုဖလားတစ်ခု ထပ်တိုးလာရုံတင်မကဘဲ လာမယ့်ရာသီသစ်ရဲ့ လမ်းကြောင်းကိုပါ ပြောင်းလဲပစ်နိုင်တဲ့ အဓိက အချိုးအကွေ့တစ်ခု ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။ ဒီပွဲစဉ်မှာ Arsenal ရဲ့ ဘောလုံးနည်းဗျူဟာ သဘောတရား ပိုင်နိုင်မှုကို အထူးသဖြင့် ကွင်းလယ်ပိုင်း ထိန်းချုပ်ပုံမှာ အထင်အရှား…