TransferJulian Alvarez ကို မခေါ်ယူနိုင်ခဲ့လို့ Arsenal တိုက်စစ်ပိုင်းကို လျှော့တွက်လို့ရမလား
အပြောင်းအရွှေ့ စျေးကွက် ပိတ်သိမ်းသွားချိန်မှာတော့ Arsenal အသင်းဟာ သူတို့ အသည်းအသန် ရှာဖွေနေခဲ့တဲ့ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို ခေါ်ယူနိုင်ခြင်း မရှိဘဲ လက်ဗလာနဲ့ ကျန်ရစ်ခဲ့ရပါတယ်။ သူတို့ရဲ့ ပစ်မှတ်စာရင်းထဲမှာ ရှိနေခဲ့တဲ့ Julian Alvarez တစ်ယောက် Atletico Madrid မှာပဲ ဆက်ရှိနေမှာဖြစ်ပြီး Morgan Rogers ၊ Vinicius Junior တို့လိုပဲ ဒီနွေရာသီမှာ Premier League ချန်ပီယံအသင်းဆီ ပြောင်းရွှေ့လာဖို့ ငြင်းဆန်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို ကစားသမားခေါ်ယူမှု ပျက်ပြားခဲ့တာကြောင့် နည်းပြချုပ် Mikel Arteta ရဲ့ အသင်းဟာ တိုက်စစ်ပိုင်း…





